Yatanarpon Teleport

For Your Information

ရတနာပုံတယ်လီပို့၏ ဝန်ဆောင်မှုများကို အသုံးပြုနေသော Customer များ ပိုမိုအဆင်ပြေစေရန်အတွက် အဆင့်မြင့် စနစ်တစ်ခု စတင်သုံးစွဲနေပြီ ဖြစ်ပါသည်။ Customer များ အနေဖြင့်
- လစဉ် အသုံးပြုနေသော Internet planအား Upgrade (သို့မဟုတ်) Downgrade ပြုလုပ်လိုလျှင် ဖြစ်စေ
- လိုင်းယာယီ ရပ်ဆိုင်းခြင်း၊ အပြီး ပိတ်သိမ်းခြင်းနှင့် လိုင်းပြန်လည်ဖွင့်ခြင်းများ ပြုလုပ်လိုလျှင် ဖြစ်စေ
လစဉ်(ရုံးဖွင့်ရက်) မည်သည့်နေ့တွင်မဆို YTP ၏ အရောင်းရုံးခွဲများတွင် လာရောက်ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။

Changes တစ်ခုခုပြုလုပ်မည်ဆိုပါက သုံးစွဲပြီးသည့်ရက်အထိ အသုံးပြုခဲ့သော Plan အတိုင်း လစဉ်ကြေး ရက်တွက်ဖြင့် ပေးဆောင်ပြီးမှသာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

-လိပ်စာပြောင်းလဲ၍ သုံးစွဲလိုပါကလည်း YTP ၏ အရောင်းရုံးခွဲများတွင် လျှောက်လွှာတင်နိုင်ပါသည်။ လိပ်စာအသစ်တွင် YTP Network ရှိထားပြီးဖြစ်ပါက နှစ်ပတ်အတွင်းပြောင်းလဲ တပ်ဆင်ပေးမည် ဖြစ်ပါသည်။ ထိုနှစ်ပတ်အတွင်း လိပ်စာအဟောင်းတွင် အသုံးမပြုလိုပါက လိုင်းယာယီ ပိတ်ထား မှ သာလျှင် ထိုရက်အတွက် လစဉ်ကြေး ဆောင်ရန်မလိုမည်ဖြစ်ပါသည်။