Yatanarpon Teleport

News

YTP Internet Bill

YTP ၏ အင်တာနက်လိုင်းကို အသုံးပြုနေသော Customer များအနေဖြင့် ဇန်နဝါရီလ အတွက် လစဉ်ကြေး ပေးဆောင်လိုပါက ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၂၅)ရက်အတွင်း သက်ဆိုင်ရာအရောင်းဌာနခွဲများမှဖြစ်စေ KBZ Quick Pay မှဖြစ်စေ ဘေလ်ဆောင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သတ်မှတ်ရက် ကျော်လွန်သွားပါက ယာယီလိုင်းဖြတ်တောက်မည် ဖြစ်ပါသောကြောင့် ဇန်နဝါရီလ၏ အင်တာနက်ဘေလ်အား ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နောက်ဆုံးထား ပေးဆောင်ပေးကြပါရန် ထပ်မံအသိပေး အကြောင်းကြားလိုက်ပါသည်။

YTP ၏ အင်တာနက် ဝန်ဆောင်မှုကို အစဉ်အမြဲသုံးစွဲလျက် ရှိသော Customer များအတွက် အထူး သတင်းကောင်း

ရတနာပုံတယ်လီပို့ ၏ အင်တာနက်ဝန်ဆောင်မှုများကို ကြိုတင်ငွေပေးသွင်း၍ အစဉ်အမြဲအသုံးပြုလျက်ရှိသော လက်ရှိ Customer များအား YTP မှ

(၆)လစာ ကြိုတင်ငွေ ပေးဆောင်မှု အတွက် ၅ ရာခိုင်နှုန်း
(၁)နှစ်စာ ကြိုတင်ငွေ ပေးဆောင်မှု အတွက် ၁၀ ရာခိုင်နှုန်း

စသည့် ဖော်ပြပါ ရာခိုင်နှုန်းများအတိုင်း 2017 ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့မှ စတင်၍ Discount ပေးထားပြီဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

လေးစားစွာဖြင့်
ရတနာပုံတယ်လီပို့ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်

 

YTP Internet Bill

ရတနာပုံတယ်လီပို့၏ Internet ဝန်ဆောင်မှုများကို လက်ရှိသုံးစွဲနေသော Customer များ အဆင်ပြေ လွယ်ကူစေရန်အတွက် လစဉ်ကြေး အင်တာနက်ဘေလ်များကို အရောင်းဌာနခွဲများတွင် ၂၂.၁.၂၀၁၈ တနလာၤနေ့မှ စတင်၍
ယခင် Bill ဝန်ဆောင်မှုပေးသည့်အချိန် 9:00AM - 2:00PM  မှ
ယခု 9:00AM - 4:00PM  အထိ (၂)နာရီတိတိ တိုးမြှင့် ကောက်ခံပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

YTP Available In Amarapura

Yatanarpon Teleport ၏ FTTH ဖိုင်ဘာ အင်တာနက်လိုင်း အိမ်အရောက်ဝန်ဆောင်မှုကို မန္တလေးမြို့ အမရပူရမြို့နယ်တွင် တပ်ဆင် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

လစဉ်ကြေး
1 Mbps - 30,000 Ks
2 Mbps - 45,000 Ks
4 Mbps - 72,000 Ks
( Up to 50 Mbps)

အမြန်ဆန်ဆုံးနှင့် ဈေးအချိုဆုံး အဝသုံး ဖိုက်ဘာ အင်တာနက် ကို တပ်ဆင် သုံးစွဲလိုသူများ အနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်လိုက်ရုံဖြင့် အိမ်အရောက် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။

☎: 011-202418, 011-202456
☎: 09-966 286 552~4, 09-966 286 557

 

FTTx Special Price Promotion

YTP ရဲ့ ဝန်ဆောင်မှုများကို ယုံကြည်စွာ အစဉ်အမြဲ အားပေးခဲ့ကြသော မိတ်ဟောင်းမိတ်သစ် Customer များအား YTP မှ ကျေးဇူးတုံ့ပြန်သောအားဖြင့် စောင့်စားရကြိုးနပ်စေမည့် အံ့အားသင့်စရာ အထူးလျှော့ဈေးများ ချမှတ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါသည်။

YTP ၏ စိတ်ကြိုက်သုံးစွဲနိုင်သော FTTx service ကို လစဉ်ကြေး 1Mbps = 30,000Ks မှစတင်၍ လျှော့ချလိုက်ပြီး ကနဦးတပ်ဆင်စရိတ်အား ၆သောင်းကျပ်သာ ကောက်ခံသွားမည်ဖြစ်ပါသည်။

မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှ FTTx Customer များအတွက် အရမ်းကိုတန်တဲ့ Promotion

မန္တလေး နဲ့ ပြင်ဦးလွင်မြို့တို့မှာ YTP ရဲ့ FTTX (Fiber To The Home) စတင် အသုံးပြုမယ့် Customer များကို နိုဝင်ဘာနှင့် ဒီဇင်ဘာလ အတွက် Promotion Plan နှစ်မျိုး ပေးထားပါတယ်။ ပထမတစ်ခုကတော့ ကြိုတင်ငွေ ၆လစာ ပေးသွင်းသူများအတွက် ကနဦး တပ်ဆင်ခကို ၅၀ ရာခိုင်နှုန်း နဲ့ လစဉ်ကြေး အများဆုံး (၄၅) ရာခိုင်နှုန်းအထိ လျှော့ပေးသွားမှာ ဖြစ်ပြီး ၁၂ လစာ ပေးသွင်းမယ့် Customer များအတွက် တပ်ဆင်ခ ပေးဆောင်ရန် မလိုတော့ဘဲ လစဉ်ကြေး အများဆုံး (၄၅) ရာခိုင်နှုန်း လျှော့ပေးသွားမှာ ဖြစ်ပါတယ်။

YTP ရဲ့ FTTx ဝန်ဆောင်မှုကို သုံးစွဲလျက် ရှိသော Customer များအတွက် အထူး သတင်းကောင်း

YTP ရဲ့ လက်ရှိ Customer များအတွက် လစဉ်ကြေး ၂၅ ရာခိုင်နှုန်း (25% Discount) လျှော့ပေးတဲ့ ပရိုမိုးရှင်း အစီအစဉ်ကို ကျွန်တော်တို့ ပြောပြပေးပါမယ်။

FTTx အင်တာနက်လိုင်း အသုံးပြုလျက် ရှိတဲ့ Customer များအနေနဲ့ ၃လစာ ကြိုတင်ငွေ သွင်းလိုက်တာနဲ့ ၁၅ ရာခိုင်နှုန်း (15%) ၆လစာ (သို့မဟုတ်) ၁၂လစာ ကြိုတင်ငွေ သွင်းလိုက်ရုံနဲ့ လစဉ်ကြေးပေါ်တွင် ၂၅ ရာခိုင်နှုန်း (25%) လျှော့ပေးတဲ့ ပရိုမိုးရှင်းကို ရရှိမှာ ဖြစ်ပါတယ်။ လစဉ်ကြေး ကြိုတင် သွင်းထားပြီးသော Customer များကိုလဲ ယခု နိုဝင်ဘာလ (၁၇) ရက်နေ့မှ စပြီး လက်ကျန်ပေါ်မှာ ၂၅ ရာခိုင်နှုန်း (25%) ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

November နှင့် December လအတွက် အထူး အစီအစဉ်

YTP ၏ FTTX (Fiber To The Home) ဝန်ဆောင်မှုကို ရန်ကုန် မန္တလေး နှင့် ပြင်ဦးလွင် မြို့တို့မှာ အသုံးပြုနိုင်ပါတယ်။ Fiber Internet ဖြစ်သည့်အတွက် YouTube မှာ ရုပ်ရှင် ကြည့်ချင်လို့ဘဲ ဖြစ်ဖြစ် အွန်လိုင်းဂိမ်း ဆော့ချင်လို့ဘဲ ဖြစ်ဖြစ် Social Network တွေ အသုံးပြုချင်လို့ဘဲ ဖြစ်ဖြစ် လိုင်းဆွဲအား အကောင်းဆုံးနဲ့ အတည်ငြိမ်ဆုံး ဖြစ်နေမှာပါ။

Announcement for KBZ online banking’s Quick Pay System for YTP’s Monthly Bills

Online Payment Service In an effort to provide you with ease and flexibility for payment of the monthly Internet service Bills, we have implemented an exciting new online payment service. This new service is in partnership with KBZ Bank

Starting from 27th October, 2017 YTP would like to announce that you can pay your monthly Internet service usage bills from the comfort of your home or office using KBZ online banking’s Quick Pay System.

It’s simple, secure and convenient for you.
Please find the detailed instruction for using our online payment channel.

YTP ၏ လစဉ်ကြေး အင်တာနက်ဘေလ် များကို KBZ Online Banking အသုံးပြု၍ ပေးချေနိုင်ခြင်း

YTP ၏ လစဉ်ကြေး အင်တာနက်ဘေလ် များကို ကမ္ဘောဇဘဏ်အကောင့် ရှိသူများ အနေဖြင့် KBZ Online Banking (Quick Pay) အသုံးပြု၍ ၂၇.၁၀.၂၀၁၇ ရက်နေ့မှ စ၍ ပေးချေနိုင်ပြီ ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါသည်။